ဗြိတိန်နိုင်ငံ
ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း သင်္ကြန်မတိုင်ခင် သမိုင်းဝင်တဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို
အဆုံးသတ်ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံမှာ နိုင်ငံခြားရေး ရုံးခွဲသစ်တစ်ခု
ဖွင့်လှစ်ဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး William Hague က ၂၆ ရက်နေ့မှာ ပြောပါတယ်။
William
Hague က အမတ်များကို တင်ပြတဲ့ ကြေညာချက်တစ်ရပ်မှာ ‘ဗြိတိသျှ အကျိုးစီးပွားဆိုင်ရာ ရုံးခန်း’
(British interests office) အဖြစ် နေပြည်တော်မှာ ထူထောင်မှာ ဖြစ်တယ်။ ဒီရုံးခန်းက ရန်ကုန်ရှိ
ဗြိတိသျှသံရုံးရဲ့ လုပ်ငန်းများကို အားဖြည့် လုပ်ဆောင်သွားမှာ ဖြစ်တယ်။ မြန်မာအစိုးရနဲ့
ပြည်သူများနဲ့ ထိတွေ့ဆက်ဆံရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref : AFP
No comments:
Post a Comment