အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံ ပါတီဝင် ကိုယ်စားလှယ်တွေက
၂၃ ရက်နေ့မှာ ကျင်းပမဲ့ လွှတ်တော်စည်းဝေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အန်အယ်လ်ဒီပါတီက
ကျမ်းသစ္စာကျိန်ဆိုစဉ် ရွတ်ဆိုရမဲ့ စာသားအရေး မပြေလည်သေးတာကြောင့် စည်းဝေးပွဲ မတက်တာ
ဖြစ်တယ်လို့ သိရပါတယ်။ အန်အယ်လ်ဒီက စာသားပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ‘ကာကွယ်စောင့်ရှောက်ပါမည်။’
အစား ‘လေးစားလိုက်နာပါမည်။’ လို့ ပြင်ဆင်ပေးဖို့ တောင်းဆိုရာမှာ အခြေခံ ဥပဒေခုံရုံးက
ငြင်းပယ်လိုက်ပါတယ်။
ရွေးကောက်ခံ
ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးအုံးကြိုင်က ဒီကိစ္စ မကြာခင်မှာ ပြေလည်ပါလိမ့်မယ်။ အကြောင်းက
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရအတွင်းမှာ ပြင်ဆင်ရေးကို ထောက်ခံသူတွေ ရှိတယ်လို့
ဆိုပါတယ်။
Ref : AP, AFP
No comments:
Post a Comment