အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို
လွတ်ပေးဖို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲမှာ
ပြောလိုက်ပါတယ်။
မြန်မာအစိုးရဟာ
အခုနှစ် ဇန်နဝါရီလထဲမှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်
ပေးခဲ့ပါတယ်။ ဒီ့နောက်မှာ အမေရိကန်က မြန်မာနိုင်ငံနဲ့ တင်းပြည့်ကျပ်ပြည့် ပြန်လည်ဆက်ဆံဖို့
ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံအခြေစိုက်တဲ့ နိုင်ငံရေးအကျဉ်းသား အကူအညီပေးရေးအသင်းက
အကျဉ်းသား ၉၀၀ ကျော်ကျန်သေးတယ်လို့ ဆိုနေပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၃၃၀
လောက် အကျဉ်းထောင်ထဲ ရှိနေသေးတယ်လို့ ပြောပါတယ်။
ဦးဝဏ္ဏမောင်လွင်က
ဥရောပသမဂ္ဂနဲ့ အမေရိကန်ထံက ရရှိထားတဲ့ စာရင်းပါ အကျဉ်းသား အားလုံးနီးပါးကို လွှတ်ပေးပြီးဖြစ်တယ်
အခုဆက်ချုပ်ထားသူတွေက ရာဇဝတ်မှုနဲ့ ဒါမှမဟုတ် အကြမ်းဖက်မှုနဲ့ ဆက်နွယ်နေသူတွေ ဖြစ်တယ်။
ဒါပေမဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အချိန်သင့်ရင် လွတ်ငြိမ်းချမ်းသာခွင့် နောက်ထပ်ပေးဖို့
ရှိတယ်လို့ ပြောပါတယ်။
မစ္စကလင်တန်က
အမေရိကန်ဟာ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများနဲ့ တိုက်ပွဲ အဆုံးသတ်ရေးကို ဆက်လက်
ထောက်ခံသွားမှာ ဖြစ်တယ်။ အစိုးရနဲ့ အစိုးရမဟုတ်တဲ့အုပ်စုအကြား အဓိပ္ပာယ်ရှိရှိ ဆွေးနွေးမယ်ဆိုတာ
ကြားရလို့ ဝမ်းသာကြောင်း ပြောပါတယ်။
Ref : AFP
No comments:
Post a Comment