အိန္ဒိယ
ဝန်ကြီးချုပ် မန်းမိုဟန်း ဆင်း (Manmohan Singh) ဟာ သမိုင်းဝင်တဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့
သဘောတူချက် တလှေကြီးကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့
စွမ်းအင်လုပ်ငန်း တိုးချဲ့ဖို့ပါ။ တဖက်မှာ ဒေသတွင်း ပြိုင်ဖက်ဖြစ်တဲ့ တရုတ်ရဲ့ လွှမ်းမိုးမှုကို
ဟန့်တားနိုင်ဖို့ ကြိုးစားမှု တစ်ရပ်လဲ ဖြစ်ပါတယ်။
မစ္စတာ
မန်းမိုဟန်း ဆင်းဟာ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း မြန်မာနိုင်ငံကို သွားရောက်တဲ့ ပထမဦးဆုံးသော
အိန္ဒိယ ဝန်ကြီးချုပ် ဖြစ်ပါတယ်။ မစ္စတာ မန်းမိုဟန်း ဆင်းက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့
ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနဲ့
မြန်မာတို့က လုံခြုံရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊
လမ်းပန်းဆက်သွယ်ရေး စတဲ့ နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ၁၂ ရပ်ကို
လက်မှတ်ရေးထိုးခဲ့ကြတာပါ။
Ref : AFP
No comments:
Post a Comment