မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့မိခင်ကျောင်း အောက်စ်ဖို့ဒ် တက္ကသိုလ်က ဂုဏ်ထူးဆောင်
ပါရဂူဘွဲ့ အပ်နှင်းဖို့ရှိတယ်လို့ အောက်စ်ဖို့ဒ်က ၂၄ ရက်နေ့က ကြေညာလိုက်ပါတယ်။
ဒေါ်စုကရဲ့
အသက် ၆၇ နှစ်ပြည့်ပြီးနောက်တစ်ရက် ဇွန်လ ၂၀ ရက်နေ့မှာ တရားမ ဥပဒေပညာရပ် ဂုဏ်ထူးဆောင်ဘွဲ့ကို
လက်ခံယူမှာပါ။ ဒီဘွဲ့ကို အောက်စ်ဖို့ဒ်က ၁၉၉၃ ခုနှစ်မှာ ဒေါ်ဆုကို ချီးမြှင့်ပေးခဲ့တာ
ဖြစ်ပေမဲ့ ဒေါ်စု နေအိမ်အကျယ်ချုပ် ကျခံနေရတာကြောင့် ကိုယ်တိုင်သွား မယူနိုင်ခဲ့ပါဘူး။
အောက်စ်ဖို့ဒ်တက္ကသိုလ်
ဒုတိယ အဓိပတိ အန်ဒရူး ဟမ်မီတန် (Andrew Hamilton) က ဒေါ်စု မိခင်ကျောင်းကို ပြန်လာနိုင်တာ
ဝမ်းမြောက်မိပါကြောင်း၊ ဘွဲ့နှင်းသဘင် အခမ်းအနားကိုလဲ မျှော်လင့်နေကြောင်း ပြောပါတယ်။
Ref : AFP
No comments:
Post a Comment