မြန်မာနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုအပတ် ထိုင်းနိုင်ငံကို သွားရောက်မဲ့ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမရဲ့ ၂၄ နှစ်အတွင်း ပထမဦးဆုံးသော
နိုင်ငံခြားခရီးစဉ်ကို မူလအစီအစဉ်အတိုင်း သွားရောက်မှာ ဖြစ်တယ်လို့ ဘန်ကောက်က အရာရှိက
ပြောပါတယ်။
ဦးသိန်းစိန်ဟာ မူလက မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၁ ရက်အထိ ဘန်ကောက်မှာ ကျင်းပမဲ့ ကမ္ဘာ့စီးပွားရေး ဖော်ရမ်ကို တက်ရောက်ဖို့
စီစဉ်ထားတာပါ။ ဒေါ်စုကလဲ ဒီဖော်ရမ်ကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို ဘာကြောင့် ရွှေ့ဆိုင်း ရသလဲဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။
Ref : AFP
No comments:
Post a Comment