ဇွန်လထဲမှာ
နော်ဝေးနဲ့ ဗြိတိန်နိုင်ငံကို ခရီးထွက်ဖို့ စီစဉ်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်အတွင်း ပထမဦးဆုံးသော နိုင်ငံကူးလက်မှတ်ကို ၈
ရက်နေ့မှာ လက်ခံရရှိပြီ ဖြစ်ပါတယ်။
ဒေါ်စုရဲ့
လက်ထောက်တစ်ဦးဖြစ်တဲ့ ဦးထင်ကျော်က နိုင်ငံကူးလက်မှတ်ကို ပြည်ထဲရေး ဝန်ကြီးဌာနဆီက ရရှိတာဖြစ်တယ်လို့
ဆိုပါတယ်။
နိုင်ငံကူးလက်မှတ်
သက်တမ်းက ၃ နှစ်ရှိပါတယ်။ ဒေါ်စု ၁၉၈၈ ခုနှစ်မှာ နာမကျန်းဖြစ်နေတဲ့ မိခင်ဒေါ်ခင်ကြည်ကို
ပြုစုစောင့်ရှောက်ဖို့ မြန်မာပြည်ပြန်သွားပြီးနောက် ဥပဒေသတ်မှတ်ချက်အရ နိုင်ငံကူးလက်မှတ်ကို
အစိုးရထံ ပြန်အပ်ခဲ့တာ ဖြစ်ပါတယ်။.
ဒေါ်စု
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ဦးဆောင်လာပြီးနောက် စစ်အစိုးရ
ကြီးစိုးခဲ့တဲ့ ၂၂ နှစ်တာ ကာလအတွင်း ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရတာမို့ ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေး
နိုဘယ်ဆုကို ကိုယ်တိုင် သွားရောက် လက်ခံ မယူနိုင်ခဲ့ပါဘူး။
နေအိမ်အကျယ်ချုပ်က လွတ်လာတဲ့
ကာလအတွင်းမှာလဲ ဒေါ်စုဟာ မြန်မာပြည်မကို ပြန်ဝင်ခွင့်မရမှာ စိုးရိမ်တာကြောင့် နိုင်ငံခြား
မထွက်ခဲ့ပါဘူး။ ၁၉၉၉ ခုနှစ် ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်ရဲ့ နောက်ဆုံးတစ်မျက်နှာကို
တွေ့ဖို့ ဗြိတိန်သွားဖို့ကိုလဲ ငြင်းဆိုခဲ့ပါတယ်။
ဒေါ်စု
နေအိမ်အကျယ်ချုပ်က လွတ်လာပြီးတဲ့နောက် နိုင်ငံခြား အစိုးရအတော်များများက သွားရောက်
လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ လတ်တလော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒေါ်စု
တခါက အလုပ်လုပ်ခဲ့ဖူးတဲ့ နယူးယောက်က ကုလ ဌာနချုပ်ကို သွားဖို့ ဖိတ်ခေါ်ခဲ့ပါသေးတယ်။
Ref : AP
No comments:
Post a Comment