Tuesday, May 15, 2012
Suu Kyi backs proposal to suspend US sanctions
အမေရိကန် အထက်လွှတ်တော် အမတ်တွေက အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ရပ်ဆိုင်းဖို့ အဆိုပြုထားတာနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် အနေနဲ့ ဒီလိုလုပ်သင့်တယ်လို့ ယူဆရင် သူမအနေနဲ့ ဆန့်ကျင်ကန့်ကွက်ဖို့ မရှိဘူးလို့ ပြောလိုက်ပါတယ်။
ဒေါ်စုက ပိတ်ဆို့မှု ရပ်ဆိုင်းလိုက်ခြင်းဟာ အမေရိကန်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲရေးမှာ ကူညီလိုကြောင်း ပြသနိုင်တယ်။ ဒါပေမဲ့ အကယ်လို့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ မကိုက်ညီရင် အခြားခြေလှမ်းကို စဉ်းစားနိုင်တယ်လို့ ၁၅ ရက်နေ့မှာ ပြောပါတယ်။
ဒါပေမဲ့ ဒေါ်စုက လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် လူတွေက အကောင်းမြင်လွန်းနေတယ်လို့ ထင်ကြောင်း၊ ဒီမိုကရေစီ ဖော်ဆောင်မှုဟာ နောက်ပြန်မဆုတ်ဘူးလို့ ရတိပြတ် မပြောနိုင်ဘူးဆိုတာကိုလဲ မမေ့သင့်ဘူး။ စစ်တပ်က ခိုင်ခိုင်မာမာ ကတိပေး လုပ်ဆောင်မှ ပြောင်းလဲမှု နောက်ပြန်မဆုတ်ဘူးလို့ ယူဆနိုင်ကြောင်း ပြောပါတယ်။
ဝါရှင်တန်ရှိ ဂျော့ဘုရှ် စင်တာက စီစဉ်တဲ့ ဗီဒီယို ကွန်ဖရင့်မှာ ဒေါ်စုက အခုလို ပြောလိုက်တာပါ။ ပရိသတ်ထဲမှာ အမေရိကန် သမ္မတဟောင်း ကိုယ်တိုင်နဲ့ သူရဲ့ဇနီး လော်ရာ ဘုရှ်တို့လဲ ပါပါတယ်။
မြန်မာနိုင်ငံအတွင်း လတ်တလော ဒီမိုကရေစီ အပြောင်းအလဲတွေကို ထောက်ခံအားပေးတဲ့ အနေနဲ့ လက်ရှိမှာ ဥရောပ သမဂ္ဂနဲ့ နိုင်ငံအတော်များများက လက်နက်ရောင်းချရေးကလွဲလို့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရပ်ဆိုင်းခဲ့ပြီး ဖြစ်ပေမဲ့ အမေရိကန်ကတော့ စောင့်ကြည့်နေဆဲပါ။
Ref : AP
Subscribe to:
Post Comments (Atom)
No comments:
Post a Comment