Tuesday, May 1, 2012

Suu Kyi sworn in as Myanmar MP

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံ အမတ်တွေဟာ ၂ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်ကို စတင်တက်ရောက်ကြပြီ ဖြစ်ပါတယ်။ ဒါဟာလဲ ဒီမိုကရေစီ ရရှိရေးအတွက် ၂၅ နှစ်နီးပါး ကြိုးပမ်းခဲ့ကြပြီးနောက် မြန်မာ့နိုင်ငံရေးသမိုင်း စာမျက်နှာသစ်ကို ရေးသားလိုက်တာပဲ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်အမတ်တွေအဖြစ် ရွေးကောက်ခံရတဲ့ ဒေါ်စုနဲ့ အန်အယ်လ်ဒီပါတီဝင် အမတ် ၃၃ ဦးဟာ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုတာ ဖြစ်ပါတယ်။ အခုအကြိမ် လွှတ်တော်စည်းဝေးပွဲတွေကို ဧပြီ ၂၃ ရက်နေ့မှာ စတင်ခဲ့ပေမဲ့ ကျမ်းကျိန်လွှာပါ စကားရပ် အငြင်းပွားမှုတွေကြောင့် အန်အယ်လ်ဒီပါတီက မတက်ရောက်ခဲ့ပါဘူး။ ဒါပေမဲ့ ဧပြီလ ၃၀ ရက်နေ့မှာ ဒေါ်စုက လူထုရဲ့ ဆန္ဒသဘောအရ ကျမ်းသစ္စာကျိန်ဆိုမယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကျမ်းကျိန်ပြီးနောက် ဒေါ်စုက လွှတ်တော်ပြင်ပမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ အန်အယ်လ်ဒီက လူထုအကျိုး ဆောင်ရွက်ခဲ့သလိုပဲ လွှတ်တော်အတွင်းမှာလဲ ဒီလုပ်ငန်းတာဝန်တွေကို ဆက်လက် ထမ်းရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒေါ်စုက လွှတ်တော်က စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ကိုက်ညီစေချင်တယ်။ ဒါဟာလဲ ဘယ်သူဘယ်ဝါကို ဖယ်ရှားဖို့ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီ ကျင့်သုံးတဲ့ လွှတ်တော်ကြီးဖြစ်လာအောင် ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်ချင်တာ ဖြစ်တယ်လို့ ပြောပါတယ်။


Ref : AFP, AP

No comments:

Post a Comment