Wednesday, May 9, 2012

Switzerland lifts Myanmar sanctions


မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ဒီမိုကရေစီ ပြောင်းလဲမှုတွေကို အားပေးတဲ့အနေနဲ့ ဆွစ်ဇာလန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုအနက် လက်နက်ပစ္စည်း တင်ပို့ရောင်းချမှုကလွဲပြီး ကျန်တာတွေကို ၉ ရက်နေ့က ဖြေလျှော့ပေးလိုက်ပါပြီ။

ဆွစ်ဇာလန်နိုင်ငံ စီးပွားရေးဝန်ကြီးက ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာ ဆွစ်ဇာလန် ဖက်ဒရယ်ကောင်စီ (အစိုးရ) က ပြီးခဲ့တဲ့ လများအတွင်း အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို ကြိုဆိုပြီး ဒီပြောင်းလဲမှုတွေကို ထောက်ခံအားပေးတဲ့ အနေနဲ့ ပိတ်ဆို့မှု အချို့ကို ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဖြေလျှော့မှုတွေက ၁၀ ရက်နေ့ကစ အတည်ဖြစ်မှာ ဖြစ်ပေမဲ့ မြန်မာ့နိုင်ငံရေး အခြေအနေ သိသိသာသာကြီး ဆိုးဝါးဆုတ်ယုတ်သွားတာနဲ့ တပြိုင်နက် ပိတ်ဆို့မှုတွေကို ပြန်လည် ကျင့်သုံးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 ပြီးခဲ့တဲ့လထဲမှာ ဥရောပသမဂ္ဂက ပိတ်ဆို့မှုကို တစ်နှစ်တာ ရပ်ဆိုင်းထားဖို့ ကြေညာလိုက်ပြီး ဖြစ်တဲ့အပြင် ကနေဒါနဲ့ ဩစတြေးလျတို့ကလဲ အလားတူ ဖြေလျှော့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံကလဲ ၃.၇ ဘီလျံ ဒေါ်လာ ကြွေးမြီတွေကို သက်ညှာလိုက်ပြီးဖြစ်ပါတယ်။ 

Ref : AFP

No comments:

Post a Comment