ထိုင်းနိုင်ငံကို
ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၃၀ ရက်နေ့မှာ ဘန်ကောက်မြို့
အနောက်တောင်ဘက် မြန်မာနိုင်ငံသား ပြောင်းရွှေ့ အလုပ်သမား အများစုနေထိုင်ရာ မဟာချိုင်ကို
သွားရောက်ပြီး သူတို့ရဲ့ အခြေအနေကို ကြည့်ရှု လေ့လာခဲ့ပါတယ်။
လက်ထဲမှာ ‘အမေ့ရင်ခွင်မှာ ခိုလုံချင်လှပြီ’၊ ‘အမေ သားတို့ အိမ်ပြန်ချင်လှပြီ’ လို့ရေးထားတဲ့ ပိုစတာတွေကိုင်ပြီး ရွှင်မြူးတက်ကြွနေတဲ့
လူအုပ်ကြီးကို ဒေါ်စုက
‘ကျမတို့က မျက်နှာငယ်စရာ အားမငယ်စရာမလိုဘူး။ အခြေအနေက အမြဲတမ်း ပြောင်းလဲနေတာပဲ။ ’
လို့ အားပေးစကား ပြောကြားပါတယ်။
ဒေါ်စုကလဲ
‘ဒီနေ့ ကျမ ကတိတစ်ခု ပေးမယ်။ ဒါကတော့ ကျမ အတတ်နိုင်ဆုံး ကြိုးစားသွားမယ် ဆိုတာပါ။’
လို့ လမ်းကျဉ်းလေးထဲ ပြည့်သိပ်ရောက်ရှိနေတဲ့ ထောင်နဲ့ချီ လူအုပ်ကြီးကို ပြောလိုက်ပါတယ်။
အခုတခေါက် ခရီးစဉ်ဟာလဲ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာအလုပ်သမားများ၊ ဒုက္ခသည်များကို
ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ လာကြည့်တာပါလို့လဲ ဆိုပါတယ်။
အကြောင်းအမျိုးမျိုးကြောင့်
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၂ သန်းခွဲလောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။
ဒီအထဲ တရားမဝင်သွားရောက် နေထိုင် လုပ်ကိုင်ကြသူတွေလည်း မနည်းပါဘူး။ ဒီလိုလူတွေက များသောအားဖြင့်
လုပ်အားခ နှိမ်ခံရတာမျိုး တွေရှိပြီး ဒီဒုက္ခတွေကို ကိုယ်တိုင်ဖော်ထုတ် ဖွင့်ဟ နိုင်စွမ်းမရှိပါဘူး။
ဒါကြောင့် ဒေါ်စု သူတို့ကို သွားကြည့်တာဟာ သူတို့အဖို့ ကယ်တင်ရှင်ကြီး ရောက်လာသလို
ခံစားကြရမယ်လို့ ထင်ကြောင်း ပြောင်းရွှေ့အလုပ်သမားရေးရာ ပညာရှင်တစ်ဦးက ပြောပါတယ်။
Ref : AP
No comments:
Post a Comment